EA4Biz · ERPNext v16 · ရရန်ငွေနှင့် ငွေလက်ခံမှု
ဖောက်သည်ပို့တဲ့ ငွေလွှဲငွေက ဘယ်ပြေစာအတွက်လဲ မသိရင် ဘယ်လိုတိုက်စစ်မလဲ?
ငွေလွှဲဝင်ပြီး ပြေစာမသိသေးရင် အရင်အထောက်အထားစစ်ပါ။ ပြေစာသိမှ ရှိပြီးသား ငွေလက်ခံမှတ်တမ်းနဲ့ ချိတ်ပါ။

ဖောက်သည်တစ်ယောက်က ကျပ် ၃ သိန်း လွှဲလာပါတယ်။ သူ့ဆီမှာ ပေးဖို့ကျန်တဲ့ ပြေစာနှစ်စောင်ရှိပေမယ့် ငွေလွှဲစာမှာ ပြေစာနံပါတ် မရေးထားပါဘူး။ မှန်းပြီး ပြေစာတစ်စောင်ကို ပိတ်လိုက်ရင် နောက်တစ်စောင်ကို မှားပြီး ထပ်တောင်းမိနိုင်ပါတယ်။
၁။ လွှဲသူနဲ့ ငွေလွှဲအထောက်အထားကို တိုက်ပါ
ဘဏ်စာရင်းက ရက်စွဲ၊ ပမာဏနဲ့ လွှဲငွေအမှတ်ကို စစ်ပြီး ဖောက်သည်နဲ့ အတည်ပြုပါ။ ဖောက်သည်ကို သိပေမယ့် ဘယ်ပြေစာအတွက်လဲ မသိသေးရင် Payment Entry (Receive) မှာ ဖောက်သည်အမည်နဲ့ ငွေလက်ခံထားတာကို မှတ်ပြီး ပြေစာမချိတ်ရသေးတဲ့ ပမာဏအဖြစ် ထားနိုင်ပါတယ်။
၂။ ပြေစာသိရင် ရှိပြီးသားငွေကို ခွဲချိတ်ပါ
ဥပမာ ဖောက်သည်က ပထမပြေစာအတွက် ၂ သိန်း၊ ဒုတိယအတွက် ၁ သိန်း ပေးတာလို့ အတည်ပြုလာရင် Payment Reconciliation မှာ Company၊ Customer နဲ့ သက်ဆိုင်ရာ ရရန်ငွေစာရင်းကို ရွေးပါ။ ရှိပြီးသား Payment Entry ကို ပြေစာနှစ်စောင်ဆီ ခွဲချိတ်ပါ။
၃။ ကျန်ငွေနဲ့ ဘဏ်စာရင်းကို ပြန်စစ်ပါ
Accounts Receivable မှာ ပြေစာနှစ်စောင်ရဲ့ ကျန်ငွေကို စစ်ပါ။ ဘဏ်စာရင်းမှာ ကျပ် ၃ သိန်း တစ်ကြိမ်သာ ဝင်ထားတာနဲ့ ကိုက်ညီဖို့ မူလ Payment Entry ကိုပဲ အသုံးပြုပါ။
ကိုယ့်လုပ်ငန်းအတွက် ERPNext အသုံးချပုံ ဆွေးနွေးပါ
လုပ်ငန်းမှာ လက်ရှိကြုံနေရတဲ့ အခက်အခဲကို EA4Biz နဲ့ ဆွေးနွေးနိုင်ပါတယ်။
