EA4Biz · ERPNext v16
မေးလေ့ရှိသော မေးခွန်းများ
စတင်အသုံးပြုခြင်း၊ Plan၊ Compute၊ သင်တန်းနှင့် ဒေတာလုံခြုံရေးအကြောင်း မေးခွန်းများကို အုပ်စုလိုက် ရှာဖွေဖတ်ရှုနိုင်ပါသည်။
EA4Biz · Help Center
မေးလေ့ရှိသော မေးခွန်းများ
စတင်အသုံးပြုခြင်း၊ သင်တန်းနှင့် ဝန်ဆောင်မှုအကြောင်း သိလိုသည်များကို မေးခွန်းနှိပ်၍ ကြည့်နိုင်ပါသည်။
စတင်အသုံးပြုရန် ဘာလိုအပ်သလဲ?
ဖုန်းနံပါတ်၊ Email လိပ်စာ၊ လုပ်ငန်းအမည်နှင့် လုပ်ငန်းအမျိုးအစား လိုအပ်ပါသည်။ Contact Us မှ အချက်အလက်များဖြည့်သွင်းပြီး စာရင်းသွင်းပါ။
စာရင်းသွင်းပြီး ၂၄ နာရီအတွင်း အသုံးပြုရမည့် ဝက်ဘ်လိပ်စာကို သင်ပေးထားသော Email သို့ ပို့ပေးပါမည်။ Email လိပ်စာကို မှန်ကန်စွာ ဖြည့်သွင်းပါ။
အခမဲ့ စမ်းသုံးနိုင်ပါသလား?
၁၄ ရက် အခမဲ့စမ်းသုံးနိုင်ပါသည်။ သင့်လုပ်ငန်းနှင့် ကိုက်ညီမှုကို လေ့လာရန် ဆက်သွယ်စာရင်းသွင်းပါ။
ဘယ် Plan ကို ရွေးသင့်သလဲ?
ဒေတာပမာဏ၊ ဖိုင်သိမ်းဆည်းမှုနှင့် နေ့စဉ်အသုံးပြုမှုပမာဏအလိုက် ရွေးချယ်ပါ။ Plan အလိုက် Compute၊ Database နှင့် Disk ပမာဏ ကွာခြားပါသည်။ Plans များကို နှိုင်းယှဉ်ကြည့်ပါ။
အသုံးပြုသူ ဘယ်နှယောက် ထည့်နိုင်သလဲ?
Plan အားလုံးတွင် အသုံးပြုသူအရေအတွက် အကန့်အသတ်မရှိပါ။ အသုံးပြုမှုပမာဏနှင့် ဒေတာအတွက် ရွေးချယ်ထားသော Plan ၏ အရင်းအမြစ်ပမာဏကို ထည့်သွင်းစဉ်းစားပါ။
ကိုယ်တိုင် ပြင်ဆင်အသုံးပြုရမှာလား?
Self Implementation အစီအစဉ်ဖြစ်သောကြောင့် Company၊ ကုန်ပစ္စည်း၊ Customer၊ Supplier နှင့် အဖွင့်လက်ကျန်များကို ကိုယ်တိုင် ပြင်ဆင်အသုံးပြုရပါမည်။ မြန်မာဘာသာ အသုံးပြုနည်းလမ်းညွှန် နှင့် လုပ်ငန်းအလိုက် လမ်းညွှန်များ မှ လေ့လာနိုင်ပါသည်။
သင်တန်းနှင့် အကူအညီ ရနိုင်ပါသလား?
စတင်အသုံးပြုမှုအစီအစဉ်တွင် Consulting ၁ နာရီနှင့် Public Training တစ်ကြိမ် ပါဝင်ပါသည်။ ထပ်မံလိုအပ်သော Online Training၊ Setup၊ Data Import နှင့် Consulting ဝန်ဆောင်မှုများကို သီးခြားရယူနိုင်ပါသည်။ ဝန်ဆောင်မှုများ ကြည့်ရန်။
Online Training ကို လုပ်ငန်းတစ်ခုလျှင် တစ်ယောက်သာ တက်ရောက်နိုင်ပါသည်။ Corporate Training အတွက် လိုအပ်ချက်များကို ဆွေးနွေးပြီး သီးခြားဈေးနှုန်း ပို့ပေးပါမည်။ ဆက်သွယ်စုံစမ်းရန်။
Public Training က ဘယ်အချိန်လဲ၊ ဘယ်နှယောက် တက်ရောက်နိုင်သလဲ?
လစဉ် တတိယပတ် စနေနေ့၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ပါမည်။ တက်ရောက်ရန် Contact Us မှ ဆက်သွယ်ပါ။
လုပ်ငန်းတစ်ခုလျှင် တစ်ယောက်သာ တက်ရောက်နိုင်ပါသည်။
ရှိပြီးသား Excel စာရင်းတွေ ထည့်နိုင်ပါသလား?
သတ်မှတ်ထားသော Data Import Template နှင့် ကိုက်ညီအောင် ပြင်ဆင်ပြီး ကုန်ပစ္စည်း၊ Customer၊ Supplier စသည့် ပံ့ပိုးထားသောစာရင်းများကို Import ပြုလုပ်နိုင်ပါသည်။ အဖွင့်လက်ကျန်အတွက် သက်ဆိုင်ရာလုပ်ငန်းစဉ်အတိုင်း သီးခြားပြင်ဆင်ရပါမည်။ Data Import လမ်းညွှန် ကို ကြည့်ပါ။
ဖုန်း၊ Tablet နှင့် Computer ကနေ အသုံးပြုနိုင်ပါသလား?
အင်တာနက်ချိတ်ဆက်ထားသော ဖုန်း၊ Tablet နှင့် Computer တို့၏ Web Browser မှ အသုံးပြုနိုင်ပါသည်။ ဒေတာအများအပြားသွင်းခြင်း၊ Setup နှင့် Report အသေးစိတ်ကြည့်ခြင်းအတွက် Computer သုံးရန် အကြံပြုပါသည်။
ဝန်ထမ်းတစ်ဦးချင်းစီကို အသုံးပြုခွင့် ခွဲပေးနိုင်ပါသလား?
User တစ်ဦးချင်းအတွက် Role နှင့် Permission သတ်မှတ်ပြီး အရောင်း၊ အဝယ်၊ Stock၊ Accounting စသည့် တာဝန်အလိုက် အသုံးပြုခွင့် ခွဲပေးနိုင်ပါသည်။ လူတစ်ဦးချင်းစီအတွက် သီးခြား User Account သုံးရန် အကြံပြုပါသည်။
ဒေတာအရန်သိမ်းဆည်းမှု ပါဝင်ပါသလား?
Plan အားလုံးတွင် Offsite Backups နှင့် Database Access ပါဝင်ပါသည်။ Backup ပြန်လည်ရယူမှုနှင့် Restore လိုအပ်ချက်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လစဉ်ကြေးထဲမှာ Setup နဲ့ Data Import ပါဝင်ပါသလား?
လစဉ် Hosting Plan နှင့် ထပ်ဆောင်းဝန်ဆောင်မှုကြေးများကို သီးခြားသတ်မှတ်ထားပါသည်။ ကိုယ်စားပြင်ဆင်ပေးရသော Setup၊ Data Import နှင့် ထပ်ဆောင်း Training / Consulting အတွက် အလုပ်ပမာဏအလိုက် ဈေးနှုန်းစုံစမ်းနိုင်ပါသည်။ Services ကြည့်ရန်။
ငွေပေးချေမှု၊ Plan ပြောင်းခြင်းနဲ့ ဝန်ဆောင်မှုရပ်နားခြင်းကို ဘယ်လိုစုံစမ်းရမလဲ?
ငွေပေးချေနည်း၊ သက်တမ်းတိုးခြင်း၊ Plan ပြောင်းခြင်းနှင့် ဝန်ဆောင်မှုရပ်နားလိုပါက Contact Us မှ ဆက်သွယ်ပါ။ သက်ဆိုင်ရာ စည်းကမ်းနှင့် ကုန်ကျစရိတ်ကို ဆောင်ရွက်မည့်အချိန်မတိုင်မီ မေးမြန်းအတည်ပြုပါ။
Compute Hour ဆိုတာ ဘာလဲ?
Compute Hour သည် စနစ်က သင့် Site ၏ လုပ်ဆောင်ချက်များကို Server ပေါ်တွင် တွက်ချက်ဆောင်ရွက်ရာ၌ အသုံးပြုသော စုစုပေါင်း processing အချိန်ဖြစ်ပါသည်။ Login ဝင်ထားသည့်ကြာချိန် သို့မဟုတ် ဆိုင်ဖွင့်ထားသည့်အချိန်ကို ဆိုလိုခြင်းမဟုတ်ပါ။
ဥပမာ Report တစ်ခုထုတ်ရာတွင် Server processing အချိန် ၂ စက္ကန့် အသုံးပြုပါက ထိုအချိန်ကို အသုံးပြုမှုထဲတွင် ပေါင်းထည့်တွက်ချက်ပါသည်။ User များ၏ လုပ်ဆောင်ချက်များကို Site တစ်ခုအတွက် စုပေါင်းတွက်ချက်ပါသည်။ ထို့ကြောင့် Compute ၃၀ မိနစ်/ရက် ဆိုသည်မှာ တစ်နေ့လျှင် မိနစ် ၃၀ သာ Login ဝင်နိုင်သည်ဟု မဆိုလိုပါ။
ဒေတာပမာဏ၊ Report ရှုပ်ထွေးမှုနှင့် အသုံးပြုမှုအပေါ် မူတည်၍ Compute အသုံးပြုမှု ကွာခြားနိုင်ပါသည်။ နေ့စဉ်သတ်မှတ်ချက် ပြည့်သွားပါက လုပ်ဆောင်ချက်များ ယာယီကန့်သတ်ခံရနိုင်သဖြင့် မကြာခဏပြည့်နေပါက Plan ပြောင်းရန် ဆက်သွယ်ဆွေးနွေးပါ။
Data Security Policy — လုပ်ငန်းဒေတာကို ဘယ်လိုလုံခြုံစွာ အသုံးပြုသင့်သလဲ?
လုပ်ငန်းဒေတာလုံခြုံရေးအတွက် အောက်ပါ အသုံးပြုမှုလမ်းညွှန်များကို လိုက်နာရန် အကြံပြုပါသည်။
- Account နှင့် Password: ဝန်ထမ်းတစ်ဦးချင်းစီအတွက် သီးခြား Account ဖွင့်၍ ခန့်မှန်းရခက်သော Password သုံးပါ။ Password၊ OTP နှင့် API Secret များကို အခြားသူများနှင့် မမျှဝေပါနှင့်။
- အသုံးပြုခွင့်: တာဝန်နှင့်လိုအပ်ချက်အလိုက် Role / Permission သတ်မှတ်ပါ။ Administrator အသုံးပြုခွင့်ကို ကန့်သတ်ပြီး ဝန်ထမ်းထွက်သွားပါက Account ပိတ်ပါ။
- ဖိုင်နှင့် ဒေတာမျှဝေခြင်း: ကိုယ်ရေးအချက်အလက်၊ ငွေကြေးစာရင်းနှင့် အရေးကြီးစာရွက်စာတမ်းများကို Public File သို့မဟုတ် အများသုံး Demo တွင် မတင်ပါနှင့်။ Export / Download ဖိုင်များကိုလည်း လုံခြုံစွာ သိမ်းဆည်းပါ။
- Backup: Plan အားလုံးတွင် Offsite Backups ပါဝင်ပါသည်။ Backup အချိန်ဇယား၊ သိမ်းဆည်းသည့်ကာလနှင့် Restore လုပ်ငန်းစဉ်ကို သီးခြားမေးမြန်းအတည်ပြုပါ။ အရေးကြီးသော Import သို့မဟုတ် ပြောင်းလဲမှုမပြုမီ Backup အခြေအနေကို စစ်ဆေးပါ။
- အကူအညီရယူခြင်း: Support အတွက် လိုအပ်သည့်အချက်အလက်ကိုသာ မျှဝေပြီး Screenshot များတွင် မလိုအပ်သော ကိုယ်ရေးနှင့် ငွေကြေးအချက်အလက်များကို ဖုံးအုပ်ပါ။
- သံသယဖြစ်ဖွယ် အသုံးပြုမှု: မသိသော Login သို့မဟုတ် ဒေတာပေါက်ကြားမှု သံသယရှိပါက Password ပြောင်း၍ သက်ဆိုင်ရာ Account အသုံးပြုခွင့်ကို စစ်ဆေးပြီး ချက်ချင်း ဆက်သွယ်ပါ။
Hosting တည်နေရာ၊ ဒေတာသိမ်းဆည်းကာလ၊ ဝန်ဆောင်မှုရပ်နားချိန် ဒေတာပြန်လည်ရယူခြင်းနှင့် ဖျက်သိမ်းခြင်းဆိုင်ရာ အသေးစိတ်မူဝါဒများကို စတင်အသုံးပြုမီ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ပါသည်။
မေးမြန်းလိုသည်များ ရှိပါသလား? ဆက်သွယ်ပါ →
