EA4Biz · ERPNext v16 · ငွေကြေးအလိုက် ဘဏ်လက်ကျန်
USD၊ THB၊ MMK ဘဏ်စာရင်းတွေကို တစ်နေရာတည်းကနေ ဘယ်လိုစစ်မလဲ?
ဘဏ်အကောင့်တစ်ခုစီကို မူရင်းငွေကြေးနဲ့ တိုက်ပြီး ကုမ္ပဏီစာရင်းငွေကြေးနဲ့လည်း စုစည်းကြည့်နိုင်ပါတယ်။

ကုမ္ပဏီမှာ USD ဘဏ်ထဲ ၂,၀၀၀၊ THB ဘဏ်ထဲ ၃၀,၀၀၀ နဲ့ MMK ဘဏ်ထဲ ကျပ် ၅ သန်းရှိပါတယ်။ ဒီကိန်းဂဏန်းတွေကို တိုက်ရိုက်ပေါင်းလို့မရသလို ပြည်ပပေးသွင်းသူကို ငွေပေးဖို့ ဘယ်ဘဏ်သုံးမလဲလည်း ငွေကြေးအလိုက် စစ်ရပါတယ်။
၁။ ဘဏ်အကောင့်တစ်ခုစီရဲ့ Account Currency ကို သတ်မှတ်ပါ
Chart of Accounts မှာ ဘဏ်စာရင်းကို မူရင်းငွေကြေးအလိုက် သီးခြားထားပါ။ စာရင်းသွင်းပြီးသား အကောင့်ရဲ့ ငွေကြေးကို ပြောင်းဖို့လိုလာရင် သင့်တော်တဲ့ အကောင့်အသစ်နဲ့ ပြောင်းရွှေ့မှုကို စာရင်းကိုင်က စီစဉ်ပါ။
၂။ ဘဏ်တစ်ခုချင်းကို မူရင်းဘဏ်စာရင်းနဲ့ တိုက်ပါ
General Ledger မှာ ဘဏ်အကောင့်နဲ့ စစ်မယ့်ရက်ကို ရွေးပြီး မူရင်းအကောင့်ငွေကြေးနဲ့ လက်ကျန်ကို ကြည့်ပါ။ Bank Reconciliation နဲ့ ဘဏ်က တကယ်ဝင်ထွက်ငွေကို တိုက်ပြီး ဘဏ်အခနဲ့ မသွင်းရသေးတဲ့ မှတ်တမ်းတွေကို စစ်ပါ။
၃။ ကုမ္ပဏီစာရင်းတန်ဖိုးနဲ့ သုံးနိုင်တဲ့ငွေကို ခွဲကြည့်ပါ
ဘဏ္ဍာရေးအစီရင်ခံစာမှာ MMK အဖြစ် စုစည်းကြည့်နိုင်ပေမယ့် ဘဏ်မူရင်းငွေကြေးလက်ကျန်ကိုပါ ကြည့်ပါ။ ငွေကြေးချင်း ဘဏ်ပြောင်းတဲ့အခါ Payment Entry – Internal Transfer မှာ ထွက်ငွေ၊ ဝင်ငွေနဲ့ ငွေလဲနှုန်းကို စစ်ပါ။
ကိုယ့်လုပ်ငန်းရဲ့ Multi Currency အသုံးချပုံ ဆွေးနွေးပါ
အရောင်းအဝယ်၊ ဘဏ်နဲ့ ငွေလဲနှုန်းကွာဟချက်ကို ERPNext မှာ ချိတ်ဆက်ဖို့ EA4Biz နဲ့ ဆွေးနွေးနိုင်ပါတယ်။
