EA4Biz · Frappe HR v16 · အလုပ်ဆိုင်း
အလုပ်ဆိုင်းလဲထားပေမယ့် ဆိုင်းဟောင်းနဲ့ တက်ရောက်မှုတွက်မိတာကို ဘယ်လိုကာကွယ်မလဲ?
ဝန်ထမ်းဆိုင်းပြောင်းရက်ကို Shift Assignment မှာ မှန်အောင်သတ်မှတ်ပြီး ဝင်ထွက်မှတ်တမ်းနဲ့ တက်ရောက်မှုကို တိုက်ပါ။

မနက် ၉ နာရီဆိုင်းက ဝန်ထမ်းတစ်ယောက်ကို ဒီတစ်ပတ် နေ့လယ် ၂ နာရီဆိုင်း ပြောင်းထားပါတယ်။ ပါးစပ်နဲ့ပြောထားပေမယ့် စနစ်မှာ မပြောင်းရသေးလို့ နေ့လယ် ၂ နာရီ Check-in ကို နောက်ကျဝင်သလို တွက်မိနိုင်ပါတယ်။
၁။ ဆိုင်းပြောင်းတဲ့ ရက်အပိုင်းအခြားကို မှတ်ပါ
Shift Assignment မှာ ဝန်ထမ်း၊ Shift Type နဲ့ စတင်ရက်ကို ရွေးပါ။ တစ်ပတ်ပဲပြောင်းတာဆိုရင် ပြီးဆုံးရက်ပါ ထည့်ပြီး Submit လုပ်ပါ။ ယခင် Assignment နဲ့ ရက်ထပ်နေလား စစ်ပြီး အလုပ်ဆိုင်းခွဲဝေမှုကို တာဝန်ရှိသူက အတည်ပြုပါ။
၂။ ဝင်ထွက်မှတ်တမ်းက ဆိုင်းအသစ်နဲ့ ချိတ်မိသလား စစ်ပါ
Employee Checkin မှာ အဲဒီနေ့ရဲ့ Shift နဲ့ Off-Shift ဖြစ်မဖြစ် ကြည့်ပါ။ ဆိုင်းပြောင်းပြီးမှ မှတ်တမ်းဟောင်းကို ပြန်စစ်ရရင် သက်ဆိုင်ရာမှတ်တမ်းမှာ Fetch Shift လုပ်ဖို့လိုသလား စစ်ပါ။ ညကျော်တဲ့ဆိုင်းဆိုရင် အလုပ်စတဲ့နေ့နဲ့ နောက်နေ့ထွက်ချိန်ကို တွဲကြည့်ပါ။
၃။ တွက်ပြီးသား Attendance ကို ပြန်တိုက်ပါ
မှားတဲ့ဆိုင်းနဲ့ တက်ရောက်မှုတွက်ပြီးသားဆိုရင် HR က မူရင်းဝင်ထွက်မှတ်တမ်းကို စစ်ပြီး Attendance ပြင်ဆင်၊ ပြန်တွက်ဖို့ ဆောင်ရွက်ပါ။ ဆိုင်းပြောင်းကာလပြီးတဲ့ နောက်နေ့မှာလည်း သင့်တော်တဲ့ဆိုင်း ပြန်သက်ရောက်သလား စမ်းပါ။
ဝန်ထမ်းရေးရာ လုပ်ငန်းစဉ်ကို ဆွေးနွေးပါ
လက်ရှိလုပ်ငန်းစဉ်ကို Frappe HR မှာ ချိတ်ဆက်ဖို့ EA4Biz နဲ့ ဆွေးနွေးနိုင်ပါတယ်။
